န်ကုန်တိုင်းအတွင်း မိုးရာသီအကူးအပြောင်းကာလသို့ ရောက်ရှိလာသည့်နှင့်အမျှအတူ၊ ဖျားနာ၍ ဆေးခန်းပြသူများ များလာပြီး ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနှင့် ရာသီတုပ်ကွေးလက္ခဏာများဖြင့် ကလေးမူလူကြီးအထိ အမျိုးမျိုးသောသူများ ပြသနေကြောင်း သိရသည်။ ဆေးခန်းများတွင် ဈေးကြီးမားသဖြင့် ဆေးဆိုင်မှ စပ်ဆေးဝယ်သောက်သူများလည်း ရှိနေပြီး၊ မိုးရာသီတွင် ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောတို့ပါ ဖြစ်ပွားနိုင်ကြောင်း ဆရာဝန်များက သတိပေးထားသည်။



