မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မေလ ၂၂ ရက်တွင် ကိစ္စရပ်တစ်မျိုးတည်းအတွက် အသုံးပြုခွင့်ပြုထားသည့် ipay Card၊ K Card၊ ABC Gift Card နှင့် AnyPay Prepaid Card စုစုပေါင်း ၄ ခုအား စည်းမျဉ်းစည်းကမ်းများနှင့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိခြင်းကြောင့် ဖျက်သိမ်းလိုက်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။






