တရုတ်နိုင်ငံမှာ ဂေဟစနစ်ထိန်းသိမ်းရေးအတွက်ပါ စက်ရုပ်သုံးလာပါတယ်။ မကြာသေးခင်ကပဲ ဝူဟန်တက္ကသိုလ်က ဖန်တီးထားတဲ့ စက်ရုပ်ငါးကို ယန်ဇီမြစ်ထဲ လွှတ်ပြီး မြစ်ကာကွယ်ရေးလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပုံစံအရရော လှုပ်ရှားမှုပါ တကယ့်ငါးတစ်ကောင်နဲ့ မခြားတဲ့ စက်ရုပ်ငါးပါ။ မြစ်ထဲက အတားအဆီးတွေ ရှောင်ရှားနိုင်ဖို့ ခေါင်းပေါ်မှာ အာရုံခံ sensor လေးလည်း တပ်ထားပါတယ်။ အလျား ၅၃ စင်တီမီတာ ရှိပြီး တစ်စက္ကန့်ကို ၁.၂ မီတာ အမြန်နှုန်းနဲ့ ကူးနိုင်ပါတယ်။ ငါးတစ်ကောင်ရဲ့ ကူးခတ်မှုကို တုပထားတဲ့ ဒီစက်ရုပ်မှာက ခေါင်းနဲ့ အမြီးနေရာမှာ အဆစ်လေးတွေ ထည့်ပေးထားပါတယ်။ ငါးရဲ့ အကြေးခွံလို နေရာမှာ LED မီးလေးတွေ ပါပြီး ဒီမီးတွေက ရေထဲမှာ အလင်းနဲ့ အရိပ်ပုံဖော်နိုင်ပါတယ်။ အခုထိ ဒီစက်ရုပ်ငါးက ဂေဟစနစ်ဒေတာပေါင်း 50TB အထိ ပေးပို့ထားပြီလို့လည်း ဆိုပါတယ်။
May 23 • 3:58 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


