ရှောင်မီ၏ ဒုတိယမြောက် ကားမော်ဒယ် YU7 လျှပ်စစ် SUV (sport utility vehicle) ကို ပွဲဦးထွက်ပြသရန် နာရီအနည်းငယ် အလိုတွင် ရှောင်မီ တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Lei Jun က YU7 ကို နှစ်လအတွင်း စတင်ရောင်းချရန် မျှော်လင့်ထားကြောင်း၊ ဇူလိုင်လတွင် စတင်ရောင်းချရန် ရည်မှန်းထားကြောင်း Weibo တွင် ပြောကြားခဲ့သည်။ ပွဲဦးထွက်ပြသသည့်အခါ ဈေးနှုန်းကို ကြေညာမည် မဟုတ်ကြောင်း၊ က်ြုတင်အမှာစာများကိုလည်း လက်ခံမည် မဟုတ်ကြောင်း ၎င်းက ကြိုတင်အသိပေး ပြောကြားသည်။ YU7 ကို Standard, Pro, နှင့် Max ဗားရှင်း ၃ မျိုး ထုတ်လုပ်မည်။ YU7 Standard သည် မော်တာတလုံးတည်း သုံးထားပြီး နောက်ဘီးယက် ဖြစ်သည်။ 0-100 km/h အရှိန်တင်ရန် ၅.၈၈ စက္ကန့် ကြာသည်။ Pro နှင့် Max တို့တွင် မော်တာ ၂ လုံးသုံးထားပြီး 0-100 km/h အရှိန်တင်ရန် ၃.၂၃ စက္ကန့် ကြာသည်။ အမြန်ဆုံး အမြန်နှုန်းသည် Standard နှင့် Pro တို့သည် 240 km/h ဖြစ်ပြီး Max သည် 253 km/h ဖြစ်ပါသည်။
May 23 • 3:59 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


