back

Xiaomi 15S Pro တွင် ရှောင်မီ၏ ပထမဆုံး Xring O1 ချစ်ပ်ကို အသုံးပြု

May 23 • 3:56 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

Xiaomi 15S Pro တွင် ရှောင်မီ၏ ပထမဆုံး Xring O1 ချစ်ပ်ကို အသုံးပြု

Xiaomi 15 စမတ်ဖုန်းစီးရီးမှ နောက်ဆုံး ထုတ်လုပ်သည့် Xiaomi 15S Pro တွင် ရှောင်မီ ဒီဇိုင်းထုတ်ထားသည့် ပထမဆုံးချစ်ပ် Xring O1 ကို အသုံးပြုထားသည်။ ယခု နောက်ဆုံးထွက်...

Xiaomi 15 စမတ်ဖုန်းစီးရီးမှ နောက်ဆုံး ထုတ်လုပ်သည့် Xiaomi 15S Pro တွင် ရှောင်မီ ဒီဇိုင်းထုတ်ထားသည့် ပထမဆုံးချစ်ပ် Xring O1 ကို အသုံးပြုထားသည်။ ယခု နောက်ဆုံးထွက်လာသည့် Xiaomi 15S Pro သည် Xring O1 3 nm ချစ်ပ် သုံးထားသည်မှ လွဲလျှင် ယမန်နှစ်က ထွက်ခဲ့သည့် Xiaomi 15 Pro နှင့် အခြေခံအားဖြင့် အတူတူ ဖြစ်ပါသည်။ Xiaomi 15 Ultra ထွက်ပြီး ၃ လမပြည့်ခင်မှာ Xiaomi 15S Pro ထွက်လာသည်။ Xiaomi 15 စီးရီးသည် ၂၀၂၄ အောက်တိုဘာတွင် Xiaomi 15 နှင့် Xiaomi 15 Pro တို့ ဖြင့် စတင်ခဲ့သည်။ လက်ရှိတွင် Xiaomi 15S Pro ကို တရုတ်ပြည်မှာသာ ရောင်းချသည်။ RAM 16 GB သိုလှောင်မှု 512 GB ကို ယွမ် ၅,၄၉၉ ($763)၊ 1 TB ကို ယွမ် ၆,၉၉၉ ($834) ဖြင့် ရောင်းချသည်။

news-view-count-icon

12