back

ထိုင်း ဘုရင်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ငွေအကြွေစေ့အသစ်တွေ ထုတ်ဝေမည်

May 23 • 3:46 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်း ဘုရင်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ငွေအကြွေစေ့အသစ်တွေ ထုတ်ဝေမည်

ထိုင်းနိုင်ငံတွင် ဘုရင်မဟာဝိဇရလောင်ကွန်း (King Rama X) ဟာ ပထမရာမဘုရင် (King Rama I) ရဲ့ သက်တော် ၂၆,၄၆၉ ရက်နဲ့ တူညီတဲ့ သက်တမ်းစံချိန်ကို ရောက်ရှိလာတဲ့အထိမ်းအမှတ်...

ထိုင်းနိုင်ငံတွင် ဘုရင်မဟာဝိဇရလောင်ကွန်း (King Rama X) ဟာ ပထမရာမဘုရင် (King Rama I) ရဲ့ သက်တော် ၂၆,၄၆၉ ရက်နဲ့ တူညီတဲ့ သက်တမ်းစံချိန်ကို ရောက်ရှိလာတဲ့အထိမ်းအမှတ်အဖြစ် အထူးထုတ်အထိမ်းအမှတ်ဒင်္ဂါးပြားများကို ဘဏ္ဍာရေးဌာနက စတင်ထုတ်ဝေတော့မှာ ဖြစ်ပါတယ်။ အဲဒီ ဒင်္ဂါးပြားများကို ၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် စတင်ရောင်းချမှာ ဖြစ်ပါတယ်။ ထုတ်ဝေလိုက်တဲ့ ဒင်္ဂါးပြားများမှာ အသုံးပြုနိုင်တဲ့ ဒင်္ဂါးခြောက်မျိုးနဲ့ အထိမ်းအမှတ်ထုတ် ဒင်္ဂါးနှစ်မျိုးတို့ ပါဝင်ပါတယ်။ ဒင်္ဂါးပြားများကို ကြေးနီ၊ နီကယ်၊ ငွေနှင့် ရွှေစတဲ့သတ္တုများနဲ့ ပြုလုပ်ထားပြီး တန်ဖိုးအားဖြင့် ၂၀ ဘတ်မှ ၃၀,၀၀၀ ဘတ်အထိ ရှိပါတယ်။ အထူးခြားဆုံးမှာ ၃၀,၀၀၀ ဘတ်တန် ရွှေဒင်္ဂါးပြားများ ဖြစ်ပြီး ၎င်းတို့ကို ၉၉ ရာခိုင်နှုန်း စစ်စစ်ရွှေဖြင့် ထုလုပ်ထားပါတယ်။ ဒင်္ဂါးပြားရဲ့ ရှေ့မျက်နှာစာမှာ ပထမရာမဘုရင် (King Rama I) နှင့် ဘုရင်မဟာဝိဇရလောင်ကွန်း (King Rama X) တို့၏ ပုံတူများကို ဖော်ပြထားပါတယ်။



news-view-count-icon

23