ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံတွေဟာ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ကပ်ရောဂါတွေကို ပိုမိုကောင်းမွန်အောင် တားဆီး ပြင်ဆင် တုံ့ပြန်နိုင်ဖို့ သဘောတူညီချက်တစ်ရပ်ကို မေလ ၂၀ ရက်မှာ အတည်ပြုခဲ့ကြပါတယ်။ ဒါဟာ ပထမဆုံးအနေနဲ့ ကူးစက်ရောဂါဆိုင်ရာ သဘောတူညီချက် တရားဝင် ရရှိခဲ့တာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကဏ္ဍအတွက် မှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ခဲ့ရတဲ့ ထိခိုက်ပျက်စီး မှုတွေအပြီးမှာ အခုလို ကပ်ရောဂါ တုံ့ပြန်ရေး သဘောတူညီချက် ထွက်ပေါ်လာတာပါ။ WHO ရဲ့ နှစ်စဉ်ကျန်းမာရေးညီလာခံကျင်းပတဲ့ ဂျနီဗာခန်းမထဲက ဆွေးနွေးမှုမှာ ဒီသဘောတူညီချက်ကို ရရှိခဲ့တာ ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံ ၁၂၄ နိုင်ငံက ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ ဒီသဘောတူညီချက်ဟာ ကပ်ရောဂါတွေကို တုံ့ပြန်ရာမှာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ ရည်ရွယ်တာဖြစ်ပြီး ဆေးဝါးကုမ္ပဏီတွေက လည်း ကပ်ရောဂါဆိုင်ရာ ကျန်းမာရေး ထုတ်ကုန်တွေရဲ့ ၁၀ ရာခိုင်နှုန်းကို ဝင်ငွေနည်းနိုင်ငံတွေကို အခမဲ့ပေးဖို့ သဘောတူ ထားပါတယ်။
| 13 | 0 | 0 | 0 |


