ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ စီမံချက်ကို လူဝင်မှုကြီးကြပ်ရေးဌာနခွဲ(၁) နှင့် ချာနာဆွန်ကရမ်ရဲစခန်းတို့က ပူးတွဲဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီမံချက်သည် ဘန်ကောက်၏ အဓိကခရီးသွားခရိုင်များတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို နှိမ်နင်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ လူဝင်မှု ကြီးကြပ်ရေးနှင့် အလုပ်သမားဥပဒေများကို ချိုးဖောက်သည်ဟု သံသယရှိသော စီးပွားရေးလုပ်ငန်းများနှင့် ဈေးရောင်းသူများ အထူးသဖြင့် လူကု-န်ကူးမှုများနှင့် ပြည်ပအလုပ်သမားများကို ခေါင်းပုံဖြ-တ်သည့် လုပ်ရပ်များအပေါ် တာဝန်ရှိသူများက အဓိကအာရုံစိုက်သည်ဟု ဆိုသည်။ 


