back

ပြည်တွင်း၌ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေး (၁/၂၀၂၅) ကိုကျင်းပခဲ့

May 23 • 2:27 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေး (၁/၂၀၂၅) ကိုကျင်းပခဲ့

အလုပ်သမားဝန်ကြီးဌာန အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေး(၁/၂၀၂၅)ကိုအဆိုပါဝန်ကြီးဌာန ယာယီအစည်းအဝေးခန်းမ၌ ကျင်းပသလို လက်ရှိတွင် လူမှုဖူလုံရေးစီမံကိန်းကို အက...

အလုပ်သမားဝန်ကြီးဌာန အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေး(၁/၂၀၂၅)ကိုအဆိုပါဝန်ကြီးဌာန ယာယီအစည်းအဝေးခန်းမ၌ ကျင်းပသလို လက်ရှိတွင် လူမှုဖူလုံရေးစီမံကိန်းကို အကျုံးဝင်မြို့နယ် ၁၂၆ မြို့နယ်အထိ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီး အလုပ်ဌာနများမှ အာမခံအလုပ် သမား ၁ ဒသမ ၂၉ သန်းခန့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း။ လူမှုဖူလုံရေးအဖွဲ့တွင် ဆေးရုံသုံးရုံ၊ မြို့နယ်ဆေးခန်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၆၁ ခန်း၊ Capitation Payment ဖြင့် ဆေးခန်းနှစ်ခန်း၊ Fee for Service Payment ဖြင့် ဆေးခန်း ၇၂ ခန်း၊ သားဖွားခန်း ၁၃ ခန်း၊ တိုင်းရင်းဆေးခန်းတစ်ခန်းနှင့် နယ်လှည့်ဆေးကုသယာဉ် သုံးစီးတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အာမခံအလုပ်သမားများ ဆေးကုသရာတွင် Out of Pocket နည်းစေရန်အတွက် ဆေးဖိုးပြန် လည်ပေးအမ်းသည့် ဓာတ်ခွဲစမ်းသပ်ခနှုန်းထားများ၊ ဓာတ်ခွဲခန်းဝန်ဆောင်ခနှုန်းထားများ၊ ကျောက်ကပ်သန့်စင်ခြင်းအတွက် နှုန်းထား၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၏ နှုန်းထားများ၊ အူအတက်ခွဲစိတ်ခြင်းအတွက် နှုန်းထားများအား ခေတ်ကာလနှင့်လျော်ညီစွာ ပြင်ဆင်သတ်မှတ်၍ ဆေးဖိုးစိုက်ထုတ်ငွေများကို ပေးအမ်းပေးလျက်ရှိပါတယ်။





news-view-count-icon

28