၂၂.၅.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villaအဆောက်အဦး (B)အဆောင်နှင့် (C) အဆောင်များအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ အဆောင်Bမှ တွေ့ရှိသော(အခန်းအမှတ်မသိ)မီးခံသေတ္တာ ၁ လုံး၊ မြန်မာငွေ ၇၀သိန်းကျပ်၊ ရွှေဟန်းချိန်း ၂ခု၊ ရွှေဆွဲကြိုး၃ကုံး၊ ရွှေနားဆွဲ၆ရံ၊ ရွှေဆွဲသီး ၅ခု၊ ရွှေလက်ကောက် ၁ခု၊ ရွှေဖီချူး၁ခု၊ ရွှေလက်စွပ် ၈ ကွင်း၊ ကျောက်ပါနားကပ် ၁ရံ၊ ကားဘုံနာဘုတ် ၁အုပ်၊ စာရွက်စာတမ်းများအား ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲသို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။



