back

မွန်ပြည်နယ်အတွင်း ရာသီတုပ်ကွေးကူးစက်ဖြစ်ပွားသူ များပြားနေ

May 22 • 10:09 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်အတွင်း ရာသီတုပ်ကွေးကူးစက်ဖြစ်ပွားသူ များပြားနေ

မွန်ပြည်နယ်အတွင်း မိုးဦးကာလတွင် ရာသီတုပ်ကွေး ကူးစက်ဖြစ်ပွားသူ များပြားနေသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ရာသီတုပ်ကွေးကူးစက်ရောဂါသည် ကလေး၊ လူကြီးမရွေး ကူးစက်...

မွန်ပြည်နယ်အတွင်း မိုးဦးကာလတွင် ရာသီတုပ်ကွေး ကူးစက်ဖြစ်ပွားသူ များပြားနေသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ရာသီတုပ်ကွေးကူးစက်ရောဂါသည် ကလေး၊ လူကြီးမရွေး ကူးစက်ဖြစ်ပွားတက်သော်လည်း ကိုယ်ခံအားနည်းသည့် သက်ကြီးရွယ်အို၊ ကလေးသူငယ်များတွင် အဖြစ်များပြီး ပြင်းထန်စွာခံစားရတက်သည်။ရာသီတုပ်ကွေးရောဂါသည် တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သည့် ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။မိုးရာသီကာလတွင် ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးများအပြင် အဖြစ်များနိုင်သည့် ပြန်းထန်ဝမ်းပျက်ဝမ်းလျှော(ကာလဝမ်းရောဂါ) ကိုလည်း သတိပြုကြရန်နှင့် ရောဂါဖြစ်ပွားလာလျှင် အချိန်မီကုသခံယူရန်နှင့် အချိန်မီကုသမှု မခံယူပါက လျင်မြန်စွာ အသက်ဆုံးရှုံးနိုင်ကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။  



news-view-count-icon

12