back

လျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ (မူကြမ်း) အတွက် ဆွေးနွေး

May 22 • 12:32 PM

breaking-news

မြန်မာ

ရန်ကုန်

cover

လျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ (မူကြမ်း) အတွက် ဆွေးနွေး

လျှပ်စစ်သုံးယာဉ် (EV) များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ (မူကြမ်း) အတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ဆွေးနွေးနေသည်။ ယင်းညှိနှိုင်းဆွေးနွေး...

လျှပ်စစ်သုံးယာဉ် (EV) များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ (မူကြမ်း) အတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ဆွေးနွေးနေသည်။ ယင်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မေ(၂၁)ရက်က အစိုးရစက်မှုလက်မှု သိပ္ပံ(အင်းစိန်) စုဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။လက်ရှိတွင်လည်း ပြည်ပနိုင်ငံများတွင် အသုံးပြုပြီးသော လျှပ်စစ်သုံးယာဉ်(EV)မှ ထွက်ရှိသည့် စွန့်ပစ်ဘတ္ထရီများနှင့် လျှပ်စစ်သုံး ယာဉ်ဆိုင်ရာ အခြားစွန့်ပစ္စည်းများအား ပြည်တွင်းသို့ တင်သွင်းခြင်းမပြုကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဩဂုတ်လ (၇) ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၇၀/၂၀၂၄) ဖြင့် ထုတ်ပြန်ထားသည်။




news-view-count-icon

12