back

မွန်ပြည်နယ်တွင် မိုးစပါးချေးငွေ စိုက်ပျိုးချိန်မီ မရရှိမည်ကို တောင်သူတို့စိုးရိမ်နေ

May 22 • 10:07 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်တွင် မိုးစပါးချေးငွေ စိုက်ပျိုးချိန်မီ မရရှိမည်ကို တောင်သူတို့စိုးရိမ်နေ

မွန်ပြည်နယ်တွင် မိုးစပါးချေးငွေပြန်ဆပ်ရန် နောက်ကျသည့်ကျေးရွာမှ တောင်သူများကို ချေးငွေအသစ်မထုတ်ချေးသေးဘဲ အလှည့်ကျစနစ်ဖြင့် စောင့်ဆိုင်းရမည်ဖြစ်သဖြင့် စိုက်ပျိုးခ...

မွန်ပြည်နယ်တွင် မိုးစပါးချေးငွေပြန်ဆပ်ရန် နောက်ကျသည့်ကျေးရွာမှ တောင်သူများကို ချေးငွေအသစ်မထုတ်ချေးသေးဘဲ အလှည့်ကျစနစ်ဖြင့် စောင့်ဆိုင်းရမည်ဖြစ်သဖြင့် စိုက်ပျိုးချိန်မီ မရရှိမည်ကို တောင်သူတို့စိုးရိမ်နေကြောင်း သိရသည်။သက်ဆိုင်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)တို့၌ တစ်ရွာလျှင်တစ်ရက်နှုန်းဖြင့် ထုတ်ချေးပေးနေကြောင်း၊ ယခင်နှစ် ချေးငွေကို ပြန်ဆပ်ရန်နောက်ကျခဲ့သည့်ရွာတို့ကို နောက်ဆုံးအလှည့်ကျမှ ပေးဆောင်မည်ဖြစ်သဖြင့် စောင့်ဆိုင်းချိန်ပိုကြာမြင့်နိုင်ကြောင်း ပေါင်မြို့နယ်မှ တောင်သူတစ်ဦးကဆိုသည်။လက်ရှိတွင် ကြွေးဟောင်းကျန်နေသည့် လယ်သမားများ ချေးငွေသစ် ထပ်မံ မထုတ်ချေးပေးသည့်အတွက် ဓနရှင်တို့ထံ ငွေတိုးချေးယူပြီး၊ စိုက်ဧကလျှော့ချလုပ်ကိုင်မည်ဖြစ်ကြောင်း ဘီးလင်းမြို့နယ်မှ တောင်သူတစ်ဦးကပြောသည်။

 


news-view-count-icon

14