ယမန်နေ့ (မေလ ၂၁ ရက်) နံနက် ၆ နာရီခန့်တွင် မူဆယ်မြို့ ဈေးရပ်ကွက်ရှိ ရွှေဆိုင်တစ်ခုကို အမည်မသိ လက်နက်ကိုင်လူတစ်စုမှ အဖြူရောင် Crown ကားတစ်စီးဖြင့် ဝင်ရောက် ဓားပြတိုက်ခဲ့ပြီး ဆိုင်ပိုင်ရှင်ကို ရိုက်နှက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။အဆိုပါ ဓားပြလာတိုက်သည့် အမျိုးသား ၅ ဦးသည် အသက်၂၀ ကျော်အရွယ် လူငယ်များဖြစ်ပြီး သေနတ် အတို၊ အရှည်နှင့် စကားပြောစက်များ အသုံးပြု၍ ဝင်ရောက် ဓားပြတိုက်ခိုက်ခဲ့ကာ ဖုန်းနှင့် ရွှေငွေများကို လုယက်ဓားပြတိုက်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။



