မန္တလေးငလျင်ကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေသည့် ကျောင်းသား/ကျောင်သူ (၂၅၀)ဦးအား မြန်မာ့ခရီးဘဏ် (MTB)က ကျောပိုးအိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများကို ပေးအပ်ခဲ့ကြောင်း သိရသည်။ငလျင်ဘေးပြန်လည်ထူထောင်ရေးကာလအတွင်း ယာယီကယ်ဆယ်ရေးစခန်းများဖြစ်သော ဧရာမေတ္တာ၊ စန္ဒာမုနိဘုရား ၊ ပန်းစုံကျောင်းတိုက်နှင့် အ.ထ.က (၁၀) ကျောင်းတို့တွင် ခိုလှုံနေထိုင်နေသည့် ကျောင်းသား/ကျောင်သူများအား ပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။



