အိန္ဒိယမှာပြုလုပ်ကျင်းပနေတဲ့ Miss World ပြိုင်ပွဲမှာ အလှမယ်ခီဆာခင်က ပြောခဲ့တာဖြစ်ကာ"ပန်းကလေးများ ပွင့်တော့မည် ဖူးတံဝင့်လို့ချီ' ဆိုတဲ့ ကဗျာကိုလည်း မြန်မာလို စင်ပေါ်မှာ ရွတ်ဖတ်ခဲ့ပါသေးတယ်။ အဆိုပါအကြောင်းကို ပြောနေချိန်မှာ သူမဟာ ဖြစ်ပေါ်လာတဲ့ ဝမ်းနည်းစိတ်ကို ထိန်းချုပ်ခဲ့တာတွေ့ရပါတယ်။ ဒီကဗျာကိုသူမက ရင်ထဲက နက်နက်ရှိုင်းရှိုင်းရွတ်ဆိုခဲ့ကြောင်း သူမကပြောပါတယ်။ ငလျင်နဲ့ပြည်တွင်းစစ်မှာ သူတို့ဒီလိုဆုံးပါးသွားကြလိမ့်မယ်ဆိုတာ သိကြပါ့မလားလို့ စိတ်မကောင်းစွာ ပြောခဲ့ပါတယ်။ အလှမယ်ခီဆာခင်ဟာ အိန္ဒိယမှာကျင်းပနေတဲ့ Miss World ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နေတာလည်းဖြစ်ပါတယ်။
ငလျင်နဲ့ ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံက ကလေးငယ်များ ဆုံးရှုံးနေရတယ်လို့ အလှမယ် ခီဆာခင်က ဝမ်းနည်းစွာ ပြော
May 22 • 8:53 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 55 | 0 | 0 | 0 |


