back

ကြက်ခြေနီစေတနာလုပ်အားရှင်များမှ “အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့်ဘေးကင်းစွာပြုမူနေထိုင်ခြင်းအကြောင်း” အသိပညာပေး အစီအစဉ်လုပ်ငန်းများကို ဆောင်ရွက်နေ

May 22 • 5:56 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ကြက်ခြေနီစေတနာလုပ်အားရှင်များမှ “အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့်ဘေးကင်းစွာပြုမူနေထိုင်ခြင်းအကြောင်း” အသိပညာပေး အစီအစဉ်လုပ်ငန်းများကို ဆောင်ရွက်နေ

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၂၀၂၄ ခုနှစ်တွင် တိုင်းဒေသကြီး/ပြည်နယ် (၁၄) ခုရှိ မြို့နယ် (၈၅) ခုတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များမှ “အန္တရာယ်ဖြစ်နိုင်ခြေ သိရှိ...

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၂၀၂၄ ခုနှစ်တွင် တိုင်းဒေသကြီး/ပြည်နယ် (၁၄) ခုရှိ မြို့နယ် (၈၅) ခုတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များမှ “အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့်ဘေးကင်းစွာပြုမူနေထိုင်ခြင်းအကြောင်း” အသိပညာပေး အစီအစဉ်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းနေဖြင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး၊ တုံ့ပြန်ရေး၊ နေရာချထားရေး နှင့်ပြန်လည်ထူထောင်ရေး ကဏ္ဍများတွင် အချိန်နှင့် တပြေးညီလုပ်ဆောင်လျက်ရှိရာ ကြက်ခြေနီ၏ လုပ်ဆောင်ချက် အခန်းကဏ္ဍ တစ်ခုဖြစ်သည့် “အန္တရာယ်ဖြစ်နိုင်ခြေသိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုစုနေထိုင်ခြင်း” အသိပညာပေးရာတွင် ပေါက်ကွဲစေနိုင်သော အကြွင်းအကျန်ပစ္စည်းများ၏ အန္တရာယ်ကို ကြုံတွေ့ရင်ဆိုင်နေရဆဲ ဒေသများဖြစ်သည့် တိုင်းဒေသကြီး နှင့်ပြည်နယ်များရှိ ရပ်ရွာလူထု နှင့် ကျောင်းသား၊ ကျောင်းသူများ ၊ ကလေးငယ်များ အနေဖြင့်- (၁) ပေါက်ကွဲစေတတ်သောပစ္စည်းများ၏ အန္တရာယ်ကို သိရှိသတိပြုကြစေရန်၊ (၂) ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးသက်ရောက်မှုများကို သိရှိနားလည်ကြစေရန် နှင့်(၃) အန္တရာယ်ကင်းစွာ ပြုမူနေထိုင်တတ်သည့် အလေ့အကျင့်ကောင်းများကို မြှင့်တင်ပေး နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ပေးနေခြင်းဖြစ်ပါသည်။


news-view-count-icon

24