back

မြန်မာနိုင်ငံလျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ (မူကြမ်း) ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့

May 22 • 5:54 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာနိုင်ငံလျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ (မူကြမ်း) ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ၏ မြန်မာနိုင်ငံလျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ (မူကြမ်း) ညှိနှိုင်းဆွေးနွေးပွဲ (၁/၂၀၂၅) ကို...

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ၏ မြန်မာနိုင်ငံလျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ (မူကြမ်း) ညှိနှိုင်းဆွေးနွေးပွဲ (၁/၂၀၂၅) ကို ယမန်နေ့တွင် အစိုးရစက်မှုလက်မှု သိပ္ပံ(အင်းစိန်) စုဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသလိုသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရဲ့ဦးဆောင်ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံလျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီစွန့်ပစ် ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒ (မူကြမ်း)ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လေ့လာချက်များအရ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကာဗွန်ထုတ်လွှတ်မှုကိုလျှော့ချနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် မူဝါဒကို ချမှတ်ထားမှသာလျှင် လျှပ်စစ်သုံးယာဉ်မှထွက်လာမည့် ဘက်ထရီစွန့်ပစ်ပစ္စည်းများသည် ပြည်သူနှင့်သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန် နောင်အနာဂတ်အတွက် အဓိကကျသော အခြေခံအုတ်မြစ် တစ်ခုချမှတ်နိုင်မည်ဖြစ်ကြောင်း၊ နည်းပညာပြောင်းလဲတိုးတက်မှု အပေါ်မူတည်၍ မူဝါဒကို ပြင်ဆင်ဖြည့်စွက်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ပြင်ပကုမ္ပဏီအဖွဲ့ အစည်းများအနေဖြင့်လည်း ဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ သုတေသနလုပ်ငန်းနှင့် သင်တန်းများဖွင့်လှစ်ခြင်း လုပ်ငန်းများတွင် ပူးပေါင်းပါဝင်စေလိုကြောင်း ပြောကြားခဲ့ပါတယ်။




news-view-count-icon

27