သရုပ်ဆောင် ပိုးအိအိခန့်က ခင်ပွန်းသည်ရဲ့ အပြုအမူတွေ စိတ်ဓာတ်တွေအပေါ် ချီးမွမ်းစကားဆိုခဲ့ပါတယ်။ ဒီနေ့ မေလ ၂၂ ရက်နေ့ဟာ လက်ရွေးစင်ဘောလုံးသမား အောင်သူရဲ့ မွေးနေ့ဖြစ်ပြီး လောဘ၊ ဒေါသ ၊ မောဟလည်းမရှိတဲ့ ခင်ပွန်းသည်ရဲ့ အေးဆေးတည်ငြိမ်မှုတွေကို ဒီနေ့လေးမှာ ပြောပြလာတာဘဲဖြစ်ပါတယ်။ အိမ်ထောင်သက်တစ်လျှောက် အကြီးအကျယ် စိတ်ဆိုး ဒေါသထွက်ခြင်းမရှိ ၊ သူမအပေါ်ကိုလည်း မာန်မဲခြင်းမရှိတဲ့ အိမ်ထောင်ဖက်ကောင်းကို ရရှိထားတာဖြစ်တယ်လို့ သူကပြောပါတယ်။ ကြွားဝါ ၊ မနာလိုစိတ်မရှိ ယှဉ်ပြိုင်စိတ်လုံးဝမရှိတဲ့ သူမျိုးနဲ့ ပေါင်းဖက်ခွင့်ရတာ အရမ်းကံကောင်းတယ်လို့ သူမကပြောပါသေးတယ်။ ဒီကနေ့ မွေးနေ့မှာ ဆန္ဒနဲ့ ဘဝတစ်ထပ်တည်းကျဖို့ အချစ်တွေလည်းနှစ်တွေအကြာကြီးထပ်တူကျဖို့ ဆုတောင်းပေးခဲ့ပါတယ်။
သရုပ်ဆောင် ပိုးအိအိခန့်ဟာခင်ပွန်းဖြစ်သူရဲ့ လေးစားဖွယ်ကောင်းတဲ့ စိတ်ဓာတ်နဲ့ အတုယူစရာ အပြုအမူတွေကို အောင်သူရဲ့မွေးနေ့မှာ ပြောပြလာ
May 22 • 5:58 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


