ထိုင်း မိုးလေဝသ ဌာန (TMD) က မေလ ၂၃ ရက်ကနေ ၂၇ ရက်အတွင်း ထိုင်းနိုင်ငံ အဝှမ်းမှာ မိုးသည်ထန်စွာ ရွာသွန်းပြီး မြစ်ချောင်းတွေအနားမှာ ရေကြီးနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ TMD က အက်ဒမန် ပင်လယ်နဲ့ ထိုင်းပင်လယ်ကွေ့ကို ဖုံးလွှမ်းထားတဲ့ အနောက်တောင် မုတ်သုံလေဟာ ပိုမို အားကောင်းလာမယ်လို့ တွက်ချက်ထားပါတယ်။ မုတ်သုံလေဟာ ထိုင်း အထက်ပိုင်းနဲ့ တောင်ပိုင်းကို ရွေ့လျားလာတဲ့အတွက် တစ်နိုင်ငံလုံးမှာ မိုးကြီးနိုင်ပါတယ်။



