အာရှဖလားခြေစစ်ပွဲ ယှဥ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင်အသင်း ပဏာမလူစာရင်းအား ထုတ်ပြန်ကြေညာခဲ့ရာ ရခိုင်ယူနိုက်တက်ဘောလုံးအသင်း မှ ကစားသမား (၃)ဦးတိတိ ရွေးချယ်ခံခဲ့ရသလိုမြန်မာ့ လက်ရွေးစင်အသင်း ပဏာမ လူစာရင်း ၌ ရွေးချယ်ခြင်းခံရသော ရခိုင်ယူနိုက်တက် ကစားသမားများ မှာ ကွင်းလယ်လူ အောင်လှိုင်၀င်း၊အောင်နိုင်၀င်းနှင့် နောက်ခံကစားသမား သီဟထက်အောင်တို့ ဖြစ်ကြပြီး ပါကစ္စတန်အသင်း နှင့် ယှဥ်ပြိုင်ကစားရမည့် အာရှဖလား ခြေစစ်ပွဲ စဥ် အတွက် ကြိုတင် ပြင်ဆင် လေ့ကျင့်မှု ပြုလုပ် နိုင်ရန် လက်ရွေးစင် အသင်း နည်းပြချုပ် ဦးမျိုးလှိုင်၀င်း မှ ရွေးချယ် ကာ ထုတ်ပြန် ကြေညာ ခဲ့ခြင်း ဖြစ်ပါတယ်။ရခိုင်ယူနိုက်တက်အသင်းကစားသမား (၃)ဦး သည် မေလ (၂၃) ရက်နေ့မှစတင်၍ လက်ရွေးစင်အသင်းနှင့် ပူး ပေါင်း သွားမှာလည်း ဖြစ်ပါတယ်။
May 22 • 12:43 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 29 | 0 | 0 | 0 |


