ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေထုမငြိမ်မှုများနှင့် အပူပျံတက်တိမ်များ အထွန်းအထိပ်ကြောင့် မေလ ၂၃ ရက်မှ ၃၀ ရက်အတွင်း စစ်ကိုင်း၊ ကချင်၊ ရှမ်း(မြောက်ပိုင်း)နှင့် တခြားတိုင်းဒေသကြီးများအပါအဝင် နေရာအနှံ့အပြား မိုးရွာနိုင်ပြီး၊ မိုးသည်းထန်သွားနိုင်ခြေ၊ လေပြင်း၊ မိုးကြိုး၊ မိုးထစ်ချုန်းနှင့် မြေပြိုရေကြီးခြင်းအန္တရာယ်ရှိနိုင်သည်ဟု မိုးလေဝသဦးစီးဌာနက သတိပေးသည်။




