(၂၀၂၆) အာဆီယံ မစ်ဆူဘီရှီဖလား ဘောလုံးပြိုင်ပွဲကို လာမယ့် (၂၀၂၆)ခုနှစ်၊ ဇူလိုင်လ (၂၅)ရက်နေ့ကနေ သြဂုတ်လ (၂၆)ရက်နေ့အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။ ပုံမှန်အားဖြင့် အာဆီယံ မစ်ဆူဘီရှီဖလားပြိုင်ပွဲကို နိုဝင်ဘာ၊ ဒီဇင်ဘာမှာ ကျင်းပလေ့ရှိပေမယ့် လာမယ့် (၂၀၂၆)မှာတော့ ဇူလိုင်၊ သြဂုတ်လမှာ ပြောင်းလဲကျင်းပသွားမှာဘဲဖြစ်ပါတယ်။ကစားသမားအချို့ရဲ့ သက်ဆိုင်ရာ ကလပ်အသင်းတွေအနေနဲ့ မစ်ဆူဘီရှီဖလားပြိုင်ပွဲအတွက် ၎င်းတို့ရဲ့ ကစားသမားတွေကို စေလွှတ်ခြင်းမရှိတာကြောင့် နိုင်ငံတကာ လိဂ်ပြိုင်ပွဲအများစု ရပ်နားလေ့ရှိတဲ့ ဇူလိုင်လကို ပြောင်းလဲကျင်းပရတာ ဖြစ်တယ်လို့လဲ ဆိုပါတယ်။ 
May 22 • 12:41 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


