နိုင်ငံတကာဆက်ဆံရေးကို စိတ်ဝင်စားသူတွေ အတွက်မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးမှာ အလုပ်လုပ်ဖို့ (၆)လ အလုပ်သင် (traineeship) ခေါ်ယူနေတယ်လို့ EU Myanmarမှသိရပါတယ်။နိုင်ငံတကာဆက်ဆံရေးကိုစိတ်ဝင်စားပြီး ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းဆောင်ရွက်မှု တွေကို ပိုမိုလေ့လာသိရှိလိုပါက မေလ (၃၀) ရက်နေ့မတိုင်မီ လျှောက်ထားနိုင်တယ်လို့ဆိုပါတယ်။လျှောက်ထားလိုသူအနေနဲ့ဘွဲ့ ရ မြန်မာနိုင်ငံသားဖြစ်ပြီးလုပ်ငန်းအတွေ့ အကြုံ ၁ နှစ် ထက်မပိုသူ ဖြစ်ရမှာဖြစ်တယ်လို့ သိရပါတယ်။



