တရုတ်တပ်မတော်က အမေရိကန်၏ F-22 နှင့် F-35 တို့ကဲ့သိုသော ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ်များကို ထောက်လှမ်းရှာဖွေရန် အသုံးပြုသွားမည့် JY-27V ရေဒါအသစ်ကို ထုတ်ဖော်ပြသလိုက်ကြောင်း သိရသည်။ JY-27V ရေဒါကို လှုပ်ရှားသွားလာမှုအတွက် စစ်သုံးယာဉ်ထရပ်ကားပေါ်တင်ဆောင်နိုင်ပြီး ကြိမ်နှုန်းအလွန်မြင့် ရေဒီယိုလှိုင်းနှုန်းများဖြင့် အလုပ်လုပ်ခြင်းဖြစ်ကာ သာမန်ရေဒါများဖြင့် ဖမ်းယူနိုင်ခြင်းမရှိသော ကိုယ်ပျောက်ပစ်မှတ်များကို တိကျစွာထောက်လှမ်းနိုင်သည့်အပြင် တိကျစွာ တိုက်ခိုက်နိုင်ရေးအတွက် လေကြောင်း ရန် ကာကွယ်ရေးတပ်ဖွဲကို လမ်းညွှန်မှုပေးနိုင်ကြောင်း ထိုရေဒါကို ထုတ်လုပ်သည့် တရုတ်နိုင်ငံပိုင် CETC ကုမ္ပဏီ က ထုတ်ပြန်ထားသည်။



