back

ဂျပန်နိုင်ငံတွင် စာကြည့်တိုက်အနီး ရုံးခန်းဖွင့်မှုဖြင့် တိုကျိုယာကူဇာ ၄ ဦး အဖမ်းခံရ

May 21 • 1:58 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်နိုင်ငံတွင် စာကြည့်တိုက်အနီး ရုံးခန်းဖွင့်မှုဖြင့် တိုကျိုယာကူဇာ ၄ ဦး အဖမ်းခံရ

ဂျပန်နိုင်ငံရဲ့ ယာကူဇာဂိုဏ်းဝင် လေးဦးဟာ စာကြည့်တိုက်တစ်ခုရဲ့ မီတာ ၂၀၀ ပတ်လည်အတွင်းမှာ ယာကူဇာရုံးခန်းဖွင့်လှစ်ထားလို့ ပြီးခဲ့တဲ့အပတ်က ဖမ်းဆီးခံရတာဖြစ်ပါသည်။ အသက်...

ဂျပန်နိုင်ငံရဲ့ ယာကူဇာဂိုဏ်းဝင် လေးဦးဟာ စာကြည့်တိုက်တစ်ခုရဲ့ မီတာ ၂၀၀ ပတ်လည်အတွင်းမှာ ယာကူဇာရုံးခန်းဖွင့်လှစ်ထားလို့ ပြီးခဲ့တဲ့အပတ်က ဖမ်းဆီးခံရတာဖြစ်ပါသည်။ အသက် ၅၅ နှစ်ကနေ ၇၇ နှစ်အထိရှိတဲ့ အဆိုပါ သံသယရှိသူတွေဟာ ၂၀၂၄ ခုနှစ် ဇွန်လကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ ဒီရုံးခန်းကို ဖွင့်လှစ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြတာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေထဲက အသက် ၇၇ နှစ်ရှိ အမျိုးသားဟာ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး ယာကူဇာအဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ Sumiyoshi-kai ရာဇ၀တ်ဂိုဏ်းနဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ တိုကျိုမြို့မှာတော့ ယာကူဇာရုံးခန်းတွေကို ကျောင်းတွေ၊ ကလေးသူငယ် စောင့်ရှောက်ရေးဌာနတွေ၊ ရပ်ရွာခန်းမတွေ၊ ပြတိုက်တွေ၊ ရာဇဝတ်မှု ကင်းရှင်းကြောင်း စစ်ဆေးတဲ့ရုံးတွေ၊ မိသားစုတရားရုံးတွေနဲ့စာကြည့်တိုက်တွေရဲ့ အနီးအနား မီတာ ၂၀၀ ပတ်လည်အတွင်း ဖွင့်လှစ်ခွင့် ပိတ်ပင်ထားပါသည်။



news-view-count-icon

1