back

ငလျင်ကြောင့် ပျ-က်စီးခဲ့ရသည့် ရှေးဟောင်း အဆောက်အအုံများအနက် (၁,၇ဝဝ) ကျော်ကို ပထမ ဦးစားပေးအဖြစ် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်မည်

May 21 • 10:44 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ငလျင်ကြောင့် ပျ-က်စီးခဲ့ရသည့် ရှေးဟောင်း အဆောက်အအုံများအနက် (၁,၇ဝဝ) ကျော်ကို ပထမ ဦးစားပေးအဖြစ် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်မည်

မန္တလေးငလျင်ကြီးကြောင့် ပျ-က်စီးခဲ့ရသည့် ရှေးဟောင်းအဆောက်အအုံများအနက် (၁,၇ဝဝ) ကျော်ကို ပထမဦးစား ပေးအဖြစ် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်...

မန္တလေးငလျင်ကြီးကြောင့် ပျ-က်စီးခဲ့ရသည့် ရှေးဟောင်းအဆောက်အအုံများအနက် (၁,၇ဝဝ) ကျော်ကို ပထမဦးစား ပေးအဖြစ် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ပြုပြင်ရမည့် အဆောက်အအုံများပြားသည့်အတွက် ပြုပြင်ရာတွင် ရှေးဟောင်းလက်ရာ တန်ဖိုးကျန်ရှိနေသေးသည့် ရှေးဟောင်းအဆောက်အအုံများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ကြီးကြပ်ပေးပြီး ကျွမ်းကျင်အဖွဲ့များကိုပါ ပူးပေါင်းဆောင်ရွက်စေမည်ဖြစ်ကာ ပြည်သူလူထု ကိုးကွယ်လျက်ရှိသည့် ရှေးဟောင်းစေတီ၊ ပုထိုး၊ ဂူဘုရားများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတို-က်ဦးစီးဌာနကကြီးကြပ်ပြီး သက်ဆိုင်ရာဂေါပကအဖွဲ့များ၊ လုပ်ငန်းအတွေ့အကြုံရှိသူများကို ခွင့်ပြုဆောင်ရွက်စေမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန က ပြောကြားခဲ့သည်။




news-view-count-icon

18