MNL League Cup ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရခိုင်ယူနိုက်တက်အသင်းသည် ယမန်နေ့က စတင်ကာ အသင်း၏ နည်းပြချုပ်ဖြစ်သူ ပေါ်တူဂီနိုင်ငံသား ပေါ်လို ဆေးလ်ဗားဖြင့် လေ့ကျင့်မှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ရခိုင်ယူနိုက်တက်အသင်းသည် MNL League Cup ပြိုင်ပွဲ အုပ်စု(ဂ)၏ အုပ်စုနောက်ဆုံးပွဲစဥ်အဖြစ် လာမည့် ဇွန်လ (၁၅)ရက်တွင် သု၀ဏ္ဏကွင်း၌ ISPE အသင်းနှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်ပြီး သရေ (၁)မှတ်ရရှိရုံဖြင့် အုပ်စုပထမနေရာဖြင့် ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။



