ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့တွင် ဆိုင်ကယ်လာသူ အမျိုးသမီးကို လူ ၆ ဦးက လမ်းပိတ်ပြီး ဓားဖြင့်ခြိမ်းခြောက်ကာ ဆိုင်ကယ်၊ ဖုန်းများနှင့်ငွေများ လုယက်သွားခဲ့ပါတယ်။ ဖြစ်စဥ်မှာ-မေလ ၂၀ ရက်၊ မွန်းတည့် ၁၂ နာရီခန့်တွင် ကျိုင်းတုံမြို့မှ လွယ်မွေသွားလမ်း၊ နမ့်ပန်ချောင်းအဆင်း မရောက်မီ မီးသင်္ဂြိုလ်စက်အနီးတွင် အမျိုးသမီးတစ်ဦးမောင်းနှင်လာသည့် ၂၀၂၃၊ ၆ လပိုင်း မော်ဒယ်၊ ခဲပြာရောင် Honda Wave 125i ဆိုင်ကယ်အား လားဟူလူမျိုး ၆ ဦးမှ လမ်းအားပိတ်၍ ဓားဖြင့်ချိန်ရွယ်ပြီး ဆိုင်ကယ်နှင့်တကွ Redmi Note 14 pro+ နှင့် Redmi Note 13 ဖုန်း ၂ လုံးနှင့် ပိုက်ဆံ ကျပ် ၂ သိန်းခန့်အား ယူဆောင်သွားကြောင်း လုယက်ခံရသူနှင့် နီးစပ်သူမှသိရပြီး“ဆိုင်ကယ်က ၆၅ သိန်းရှိကာဖုန်းတစ်လုံးက တစ်သိန်း၊ တစ်လုံးက ၆ သိန်းခွဲတန်တယ်။ ဓား ၂ လက်နဲ့ လားဟူ ၆ ယောက်ပါ။ ဖြစ်စဉ်ဖြစ်ပီး ၁၀ မိနစ် အတွင်း လိုက်ရှာပါတယ်။ ကျိုင်းတုံတွင် ရန်ဖြစ်၊ ခိုးဆိုးလုယက်၊ from သတ်ဖြတ်မှုများ နေ့စဥ်လိုဖြစ်ပွားနေသဖြင့် လုံခြုံမှုမရှိဘဲ စိုးရိမ်နေရကြောင်း ဒေသခံများက ပြောဆိုနေကြပါတယ်။



