ထိုင်ဝမ်ဟာ တရုတ်နဲ့ သင့်သင့်မြတ်မြတ်၊ အေးအေးချမ်းချမ်း နေထိုင်သွားဖို့ ဆန္ဒရှိကြောင်း သမ္မတ လိုင်ချင်တေးက ပြောပါတယ်။ထိုင်ဝမ် သမ္မတအဖြစ် တာဝန်ထမ်းဆောင်မှု တစ်နှစ်ပြည့်တဲ့ မေလ ၂၀ ရက်နေ့မှာ လိုင်က တရုတ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို အလေးအနက် မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ်ကတော့ သီးခြားလွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်ဖို့ လိုလားနေပါတယ်။



