back

စင်ကာပူ ကမ်းလွန်မှာ လှေမှောက်၊ လှေပေါ် ပါလာသူ ၃၀ လုံးကို ကယ်ဆယ်နိုင်ခဲ့

May 21 • 2:20 AM

breaking-news

မြန်မာ

ပြည်ပ

cover

စင်ကာပူ ကမ်းလွန်မှာ လှေမှောက်၊ လှေပေါ် ပါလာသူ ၃၀ လုံးကို ကယ်ဆယ်နိုင်ခဲ့

စင်ကာပူ ကမ်းလွန်မှာ လှေတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပေမယ့် လိုက်ပါလာသူ ၃၀ စလုံးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။အင်ဒိုနီးရှားမှာ မှတ်ပုံတင်ထားတဲ့ လှေဟာ ပက...

စင်ကာပူ ကမ်းလွန်မှာ လှေတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပေမယ့် လိုက်ပါလာသူ ၃၀ စလုံးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။အင်ဒိုနီးရှားမှာ မှတ်ပုံတင်ထားတဲ့ လှေဟာ ပက်ဒရာ ဘရန်ကာ အရှေ့မြောက်ဖက် ကမ်းလွန်ရေပြင်မှာ မေလ ၂၀ ရက်နေ့ မနက်ပိုင်းတုန်းက တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီ ရေပြင်ဟာ စင်ကာပူ ရေကြောင်း ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးဇုန်ထဲမှာ ပါဝင်နေပါတယ်။စင်ကာပူ ရေကြောင်းနဲ့ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့က လှေတိမ်းမှောက်မှု သတင်းကို အနီးမှာ ဖြတ်သန်း ခုတ်မောင်းသွားတဲ့ ဟောင်ကောင် ကုန်တင် သင်္ဘောတစ်စီးက ဆက်သွယ် အကြောင်းကြားခဲ့တာလို့ ပြောပါတယ်။ 


news-view-count-icon

36