အွန်လိုင်း ခရီးသွား ပလက်ဖောင်း Agoda က ရက်ရှည် ခရီးသွားတွေ အနှစ်သက်ဆုံး အာရှမှ ဒေသတွေကို ဖော်ပြလိုက်ပြီး ထိုင်းရဲ့ ကမ်းရိုးတန်း မြို့တော် Rayong ဟာ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ရှည်လျားတဲ့ ကမ်းခြေရှိတဲ့ Mae Ram Phueng Beach ၊ တိတ်ဆိတ်အေးချမ်းတဲ့ လမုတောတွေ ရှိတဲ့ Tung Prong Thong နဲ့ သာယာလှပတဲ့ ကျွန်းတွေ ရှိတဲ့ Koh Samet တို့ဟာ Rayong ရဲ့ အထင်ကရ ခရီးသွားနေရာတွေ ဖြစ်ပါတယ်။ ထိုင်းမှာ Rayong ၊ ပတ္တရားနဲ့ Koh Chang ဟာ ရက်ရှည် ခရီးသွားတွေကြားမှာ နာမည်ကြီးလာပါတယ်။



