မျိုးသုဉ်းလုနီးရှားပါး ငါးမျိုးစိတ်ဖြစ်သော Hucho bleekeri ကို မေလ ၁၉ ရက်က မျိုးပွား အောင်မြင်ခဲ့ကြောင်း တရုတ်နိုင်ငံ ဟေလုံကျန်ပြည်နယ်၊ ရေထွက်ကုန်ပစ္စည်းများ သုတေသနဌာနသတင်းမှ သိရသည်။အဆိုပါငါးမျိုးစိတ်မှာ တရုတ်နိုင်ငံတွင် ပထမတန်းစား ကာကွယ်ထားသော တိရစ္ဆာန်ဖြစ်ပြီး ကို ကိတ္တိမနည်းဖြင့် အပြည့်အဝ မျိုးပွားအောင်မြင်ခဲ့ခြင်းလည်းဖြစ်သည်။၂၀၂၅ ခုနှစ်တွင် ကိတ္တိမနည်းဖြင့် မျိုးပွားခဲ့သည့် ဒုတိယမျိုးဆက် Hucho bleekeri ငါးသားပေါက် အကောင်ရေ ၁၂၀၀၀ ကျော်တို့သည် အောင်မြင်စွာ အစာစားသုံးပြီး အခြေခံအားဖြင့် လွတ်လပ်စွာရှင်သန်နိုင်စွမ်းကို ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံမှ ဤကဲ့သို့သော မျိုးသုဉ်းလုနီး ရှားပါးမျိုးစိတ်ကို ကိတ္တိမနည်းဖြင့် မျိုးပွားခြင်း အောင်မြင်သည်ဟုကိုလည်း ယင်းဌာနမှ ပြသထားကြောင်း သိရသည်။



