back

ရှောင်မီ ကိုယ်ပိုင်ချစ်ပ် Xring O1 ကို အမြောက်အမြား ထုတ်လုပ်နေ

May 20 • 6:44 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရှောင်မီ ကိုယ်ပိုင်ချစ်ပ် Xring O1 ကို အမြောက်အမြား ထုတ်လုပ်နေ

တရုတ်နည်းပညာကုမ္ပဏီ ရှောင်မီ၏ တည်ထောင်သူနှင့် စီအီးအို Lei Jun က ကုမ္ပဏီသည် ၎င်းတို့ ကိုယ်တိုင်တီထွင်ထားသော **Xring O1 အဆင့်မြင့် မိုဘိုင်းချစ်ပ်များ**ကို အမြော...

တရုတ်နည်းပညာကုမ္ပဏီ ရှောင်မီ၏ တည်ထောင်သူနှင့် စီအီးအို Lei Jun က ကုမ္ပဏီသည် ၎င်းတို့ ကိုယ်တိုင်တီထွင်ထားသော **Xring O1 အဆင့်မြင့် မိုဘိုင်းချစ်ပ်များ**ကို အမြောက်အမြား ထုတ်လုပ်နေပြီဖြစ်ကြောင်း အင်္ဂါနေ့ (မေ ၂၀) တွင် ပြောကြားခဲ့သည်။ Xiaomi 15S Pro နှင့် Xiaomi Pad 7 Ultra ဟူသော စမတ်ဖုန်းမော်ဒယ် ၂ ခုတွင် ၎င်းချစ်ပ်ကို စတင်အသုံးပြုသွားမည်ဖြစ်သည်။ လာမည့် ကြာသပတေးနေ့တွင် Xring O1 အဆင့်မြင့်မိုဘိုင်းချစ်ပ်ကို တရားဝင် မိတ်ဆက်ရှင်းလင်းတင်ပြမည်ဖြစ်သည်။ ရှောင်မီသည် Xring O1 ကို ဖန်တီးရန်အတွက် ယွမ် ၁၃.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၈၇ ဘီလီယံ)ရင်းနှီးမြှုပ်နှံခဲ့သည်။


news-view-count-icon

32