အမေရိကန်သမ္မတဒေါ်လ်နယ်ထရမ့်ရဲ့ ကုန်သွယ်ခွန်စည်းကြပ်မှုကနေဖြစ်ပေါ်လာတဲ့ ကမ္ဘာလုံး ကုန် သွယ်ရေးတင်းမာမှုတွေကြောင့် မေ၁၉ရက်နေ့က ဥရောပသမဂ္ဂဟာ ၎င်းရဲ့ယူရိုဇုန်စီးပွားရေးဖွံ့ဖြိုး တိုး တက် မှု ခန့် မှန်းချက်ကို အကြီးအကျယ်လျှော့ချမှုတွေပြုခဲ့သည်။ဥရောပကော်မရှင်က နိုင်ငံပေါင်း ၂၀ရဲ့ တစ်ခုတည်းသောငွေကြေးဇုန်စီးပွားရေးဟာ ၂၀၂၅ မှာ ဝ.၉ ရာခိုင် နှုန်းဖွံ့ဖြိုးတိုးတက်မယ်လို့ ထုတ်ပြန်ခဲ့သည်။ ဒါဟာ အားနည်းတဲ့ကမ္ဘာ့ကုန်သွယ်ရေး အလား အလာ နဲ့ ကုန်သွယ် ရေးမူဝါဒ မရေမရာဖြစ်မှုပိုမိုမြင့်မားလာမှုတို့ကြောင့် ယခင်က အကဲဖြတ်ချက် ၁.၃ရာခိုင်နှုန်းကနေ လျော့ကျသွား ခဲ့ခြင်းဖြစ်သည်။



