အင်ဒိုနီးရှား ရေပိုင်နက်ဖြစ်သော ရီယူကျွန်းအနီး ထိုင်းအလံလွှင့်ထူထားသော သင်္ဘောတစ်စီး အရှိန်မြှင့် မောင်းပြေးရာတွင် အင်ဒိုနီးရှားရေတပ်က လိုက်လံဖမ်းဆီးမိပြီးနောက် သင်္ဘောသည် ထိုင်းမာလိန်မှူးမောင်းနှင်သည့် ထိုင်းအလံလွှင့် သင်္ဘောဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသား ၄ ဦးလည်း ဖမ်းဆီးရမိခဲ့သည်ဟု အင်ဒိုနီးရှားအာဏာပိုင်များက ထုတ်ပြန်ကြေညာခဲ့သည်။ကိုကင်းအများစုပါဝင်ကာ စိတ်ကြွဆေးများနှင့်ပေါင်းလျှင် ၁ .၉ တန်ရှိပြီး ဒေါ်လာ ၄၂၈ သန်း တန်ကြေးရှိ မူးယစ်ဆေးများဖမ်းမိမှုသည် အင်ဒိုနီးရှားနိုင်ငံသမိုင်းတွင် အများဆုံး ဖမ်းမိခြင်းဖြစ်ခဲ့သည်။



