ရှမ်းပြည်နယ် ကြူကုတ်(ပန်ဆိုင်း)မြို့နယ် မုံးပေါ်ဒေသတွင် စပါးစိုက်ရာသီအတွက် လုပ်အားခ တနေ့ နှစ်သောင်းခွဲမှ သုံးသောင်းအထိ တက်လာပြီး လုပ်သားရှားပါးမှုကြောင့် တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းတွင် အခက်အခဲများကြုံတွေ့နေရသည်။ ဒေသပြင်ပမှ လုပ်အားခ မြင့်တက်ခြင်း၊ အာမခံနှင့် အခွန်ဆောင်ရမှုများကြောင့် လုပ်သားခေါ်ဖို့ခက်ခဲနေပြီး တရုတ်တယ်စပ်ဘက်သို့လည်း အလုပ်သမားများစွန့်ခွါနေကြသည်။ ထို့အပြင် တရုတ်ကြံကုမ္ပဏီများက မြေငှားရမ်းခကိုလည်း လျှော့ချသတ်မှတ်လာကြောင်း သိရသည်။



