ယနေ့ မနက် ၁၀ နာရီ ၅၄ မိနစ်ခန့် မြန်မာစံတော်ချိန်အချိန်တွင် မန္တလေးမြို့၏ အရှေ့တောင်ဘက်၊ မြစ်သားမြို့အနောက်အရှေ့တောင်ဘက် ၂၀ မိုင်ခန့်နှင့် ရွာခိုင်ကြီးအနောက်အရှေ့တောင်ဘက် ၈ မိုင်ခန့်အကွာရှိ ရွာငံအနီးဒေသတွင် မဂ္ဂနီကျု ၃.၁ အဆင့်ရှိသော မြေငလျင်ငယ်တစ်ခု မြေအောက်အနက် ၆ မိုင်ကျော်အတွင်း၌ ထပ်မံလှုပ်ရှားခဲ့သည်။



