၂၀၂၅ ခုနှစ် ကျောင်းဖွင့်ရာသီသို့ မကြာခင်ရောက်ရှိမည့်အချိန်တွင် နေ့စဉ်အသုံးပြုသည့် ကျောင်းသုံးပစ္စည်းများအပါအဝင် သားသမီးများအတွက် အထွေထွေစရိတ်များသည် ယခင်နှစ်များထက် ထင်ရှားစွာ မြင့်တက်လာနေပြီး မိဘအုပ်ထိန်းသူများအနေဖြင့် ငွေကြေးပိုမိုကျသုံးရသောအခြေအနေတွင်ရောက်ရှိနေကြသည်။ ဥပမာအားဖြင့် ကျောင်းသုံးအိတ်တစ်လုံး ၂၅,၀၀၀ ကျပ်မှ ၃၀,၀၀၀ ကျပ်၊ ကျောင်းဝတ်စုံတစ်စုံ ၁၂,၀၀၀ ကျပ်မှ ၁၈,၀၀၀ ကျပ်သော်လည်းကောင်း၊ ထီး၊ မိုးကာ၊ ဖိနပ်စသဖြင့် ပစ္စည်းအမျိုးမျိုးတွင်လည်း ဈေးနှုန်းမြင့်တက်မှုကိုတွေ့ကြုံရသည်။ အထွေထွေကုန်ကျစရိတ်များမြင့်တက်လာခြင်းကြောင့် မိဘအချို့က အသစ်ဝယ်မပေးနိုင်တော့ဘဲ အဟောင်းများ ပြန်သုံးခိုင်းနေရကြောင်း သိရသည်။ ထို့ပြင် ကျောင်းကားခနှင့် ပြင်ပကျူရှင်စရိတ်များလည်း တစ်လလျှင် ငါးသောင်းမှ တစ်သိန်းကျော်အထိရှိလာပြီး၊ စာသင်နှစ်နှစ်အလိုက်စျေးကွာခြားမှုများ ကြီးမားလာသဖြင့် ဝင်ငွေနည်းသည့် မိသားစုများအတွက် ပိုမိုလွှမ်းမိုးမှုရှိလာသည်ဟု မိဘအများစုက ဝေဖန်နေကြသည်။



