ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ တရုတ်နိုင်ငံ အမျိုးသား မီးရထားလုပ်ငန်းက စုစုပေါင်း ကုန်စည်တန်ချိန် ၁,၂၉၉ သန်း ပို့ဆောင်ခဲ့ရာ ယမန်နှစ် ကာလတူထက် ၃.၆ ရာခိုင်နှုန်းတိုးတက်လာပြီး နေ့စဉ်ပျမ်းမျှ ကုန်တင်ပမာဏ ရထားတွဲ ၁၈၀,၀၀၀ ရှိကာ ယခင်နှစ် ကာလတူထက် ၄.၇ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း၊ ပြည်တွင်းနှင့်နိုင်ငံတကာစီးပွားရေးလည်ပတ်မှုများ ချောမွေ့စေရန်နှင့် အမျိုးသားစီးပွားရေးတည်ငြိမ်စွာလည်ပတ်နိုင်ရန်အတွက် အားကောင်းသောအထောက်အပံ့များ ပေးခဲ့ကြောင်း သတင်းထောက်က မေ ၁၉ ရက်တွင် China State Railway Group Co., Ltd., မှ သိရှိခဲ့ရသည်။



