ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ ချင်းမိုင်မြို့တွေရှိ စားသောက်ဆိုင်တွေမှာ တရားမဝင် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၇ ယောက် ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။အမှတ် ၁ တိုင်းဒေသ လဝက ရဲတပ်ဖွဲ့ဝင်တွေဟာ တရားမဝင်အလုပ်သမား နှိမ်နင်းရေးစီမံချက် အရှိန်မြှင့်တဲ့အနေနဲ့ မေ ၁၇ ရက်က ဘန်ကောက် ဟွေ့ခဝမ်နယ်မြေ Royal City Avenue (RCA) အနီး Nineyard စားသောက်ဆိုင်တန်းကို ဝင်ရောက်စစ်ဆေးရာမှ ဖမ်းဆီခံရခြင်းဖြစ်သည်။မေ ၁၅ ရက်ကလည်း ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့ရှိ ဖားဟမ့်ရပ်ကွက်ထဲက စားသောက်ဆိုင်တဆိုင်မှာ ဥပဒေနဲ့မညီညွတ်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။



