back

ကယ်လီဖိုးနီးယား မျိုးပွားကျန်းမာရေးဌာနတွင် ဗုံးပေါက်ကွဲပြီး ၁ ဦး သေဆုံး

May 20 • 2:23 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကယ်လီဖိုးနီးယား မျိုးပွားကျန်းမာရေးဌာနတွင် ဗုံးပေါက်ကွဲပြီး ၁ ဦး သေဆုံး

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က ကန္တာရ အပန်းဖြေစခန်းသာမြို့ ဖန်းမ်စပရင်းစ်မှာရှိတဲ့ မျိုးပွားကျန်းမာရေးဌာနတခုမှာ မေ ၁၈ ရက်က ဗုံးပေါက်ကွဲပြီးနောက် လူတယော...

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က ကန္တာရ အပန်းဖြေစခန်းသာမြို့ ဖန်းမ်စပရင်းစ်မှာရှိတဲ့ မျိုးပွားကျန်းမာရေးဌာနတခုမှာ မေ ၁၈ ရက်က ဗုံးပေါက်ကွဲပြီးနောက် လူတယောက်သေဆုံးကာ ၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ဒီဗုံးပေါက်ကွဲမှုဟာ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တဲ့လုပ်ရပ်လို့ ပြည်ထောင်စု ထောက်လှမ်းရေးဗျူရို FBI က ပြောပါတယ်။သေဆုံးသူဟာ အမေရိကန် မျိုးပွားမှုဆိုင်ရာ စင်တာတွေက လုပ်ငန်းလည်ပတ်နေတဲ့ ဆေးခန်း အပြင်ဘက်က အပိုင်းပိုင်းကွဲသွားတဲ့ ကားတစီးအနားမှာ ရှိနေခဲ့တာလို့ FBI ရဲ့ လော့စ်အိန်ဂျလိစ် ကွင်းဆင်းရုံး လက်ထောက်ဒါရိုက်တာ အခီးလ် ဒေးဗစ်က ပြောပါတယ်။


news-view-count-icon

21