ထိုင်းနိုင်ငံ စမွတ်စခွန်ရှိ ဂိုဒေါင်တစ်ခုကို ဗဟိုစုံစမ်းစစ်ဆေးရေး ဗျူရိုမှ တာဝန်ရှိသူများ ရှာဖွေစီးနင်းခဲ့ရာ ဗီတာမင်၊ ကော်လာဂျင်၊ လိမ်းဆေးများ၊ သွေးရည်ကြည်များ၊ ဖြည့်စွက်စာများ၊ ကွန်ဒုံးများ၊ ထိုင်းအမှတ်တံဆိပ်အိတ်များနှင့် နိုင်ငံခြားငွေ ၈၀၀၀၀ နီးပါးကို ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။သံသယရှိသူ ၂ ဦး ဖြစ်သော Mr. Jiaxian၊ အသက် ၂၇ နှစ်၊ တရုတ်နိုင်ငံသား Mr. Hang အသက် ၁၉ နှစ်တို့အားအတုအပ ကုန်ပစ္စည်း အမှတ်တံဆိပ် အတုသက်သေခံပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ထိုင်းဘတ်ငွေ သန်း ၅၀ ကျော် ဖိုးရှိကြောင်းသိရပါသည်။




