ထိုင်းနိုင်ငံသည် တရုတ်မှ ရေငုပ်သင်္ဘော ဝယ်ယူခဲ့သော်လည်း နည်းပညာ အားနည်းချက်များကြောင့် တရုတ်ရေငုပ်သင်္ဘောတွင် ဂျာမနီအင်ဂျင်တပ်ဆင်ရန် စီစဉ်ခဲ့ရာ ဂျာမနီက မရောင်းနိုင်ဟု ငြင်းခဲ့ပြီးနောက် ထိုင်းကာကွယ်ရေးဝန်ကြီး ဖမ်သမ်ဝီချာရာချိုင်က မိမိတို့တွင် ရွေးချယ်စရာ ၂ လမ်းသာရှိတော့ပြီး တရုတ်အင်ဂျင်တပ် ရေငုပ်သင်္ဘောကို လက်မခံလိုပါက တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သော ပထမဆုံး ရေငုပ်သင်္ဘောအတွက် ပေးချေပြီးသား ငွေ ၈၀ ရာခိုင်နှုန်း အဆုံးရှုံးခံရန်သာ ရှိတော့သည်ဟု စိတ်ပျက်စွာ ဖွင့်ပြောသွားခဲ့သည်။



