back

မိုးဦးတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရန် ကျန်းမာရေးဝန်ကြီးဌာန တိုက်တွန်း

May 20 • 2:11 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မိုးဦးတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရန် ကျန်းမာရေးဝန်ကြီးဌာန တိုက်တွန်း

မိုးဦးရာသီဝင်လာသည်နှင့်အမျှ ပြင်းထန်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနိုင်ခြေမြင့်လာသဖြင့် မေလ ၁၉ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူများအား သန့်ရှင်းသ...

မိုးဦးရာသီဝင်လာသည်နှင့်အမျှ ပြင်းထန်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနိုင်ခြေမြင့်လာသဖြင့် မေလ ၁၉ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူများအား သန့်ရှင်းသောရေ၊ အစားအသောက်များသာသုံးစွဲခြင်း၊ လက်ကို စင်ကြယ်အောင် ဆေးကြောခြင်း စသော ကျန်းမာရေးစည်းကမ်းများကို လိုက်နာရန် တိုက်တွန်းထားသည်။ ရောဂါလက္ခဏာများပါရှိသူများသည် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ ချက်ချင်း သွားရောက်ကုသရန် အသိပေးထားပြီး၊ မကြာခဏ လက်ဆေးခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ခြင်းတို့သည် ကာကွယ်ရေးအတွက် အရေးပါကြောင်း အထူးသတိပေးထားသည်။


news-view-count-icon

11