မြန်မာ့လက်မှုအနုပညာအနက်မှ တစ်ခုဖြစ်သော ပုဂံဒေသထွက် ယွန်းထည်ပစ္စည်းများသည် လတ်တလောအတွင်း အရောင်းအဝယ်နည်းပါးနေသော်လည်း ယွန်းလုပ်ငန်းများမှာ ပုံမှန်အတိုင်း ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ခေတ်မီစျေးကွက်လိုအပ်ချက်နှင့် ခရီးသွားလုပ်ငန်းနည်းပါးလာမှုတို့ကြောင့် အရောင်းအဝယ်ထင်ရှားစွာလျော့နည်းနေသော်လည်း၊ ယွန်းပညာအတတ်မပျက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ယွန်းအတတ်သမားများက စဉ်ဆက်မပြတ် ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။



