၂၀၂၄-၂၀၂၅ ခုနှစ်အတွက် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ၊ ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ရေစက်ချမင်္ဂလာ အခမ်းအနားကို ၂၀၂၅ မေလ ၂၄ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ ထိုအခမ်းအနားတွင် ဗုဒ္ဓဘာသာဝင်ပြည်သူများနှင့် ဘုန်းတော်ကြီးများ တက်ရောက်အလှူအတန်းပြုလုပ်ကာ ဘုရားပူဇော်မည်ဖြစ်ပြီး စည်ကားခမ်းနားစွာ ကျင်းပမည်ဖြစ်သည်။



