မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဌာနဆိုင်ရာအသုံးပြုရန်အတွက် Modular Office (၄) လုံးနှင့် Modular House (၃၄) လုံး တပ်ဆင်တည်ဆောက်မှုကို ပြီးစီးပြီးဖြစ်သည်။ ကျန်ရှိနေသည့်အဆောက်အအုံများကိုလည်း အမြန်ဆုံးဖြည့်ဆည်းနိုင်ရေးအတွက် လက်ရှိတပ်ဆင်တည်ဆောက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ၎င်းကဲ့သို့သော Modular စနစ်ဖြင့် တည်ဆောက်ခြင်းသည် အချိန်တိုအတွင်း တည်ဆောက်နိုင်ခြင်းနှင့် သယ်ယူတပ်ဆင်ရလွယ်ကူခြင်းကြောင့် ဝန်ဆောင်မှုတိုးတက်မှုအတွက် အထောက်အကူပြုနိုင်သည်။



