back

"အိမ်ပြန်ဆောက်နိုင်ဖို့ ကျောက်ဆည် ရွှေသိမ်တော်ဘုရားမှာ ဆင်ဦးစီးလုပ်နေတဲ့ ဒွန်း"

May 19 • 2:56 PM

breaking-news

မြန်မာ

မန္တလေး

cover

"အိမ်ပြန်ဆောက်နိုင်ဖို့ ကျောက်ဆည် ရွှေသိမ်တော်ဘုရားမှာ ဆင်ဦးစီးလုပ်နေတဲ့ ဒွန်း"

"ကျွန်တော်က ပဲခူးတိုင်း၊ ကျောက်တံခါးသားလေ၊ ဆင်ကို ချစ်လို့ ကျောက်ဆည်မှာ လာပြီးအခြေချနေတာ၊ ဆင်စီးဖို့ကို အလှူတစ်ပွဲငှားရင် သိန်းဆယ်ချီတယ်လေ၊ ဒီမှာက ငါးထောင်တည်းန...


"ကျွန်တော်က ပဲခူးတိုင်း၊ ကျောက်တံခါးသားလေ၊ 

ဆင်ကို ချစ်လို့ ကျောက်ဆည်မှာ လာပြီးအခြေချနေတာ၊ ဆင်စီးဖို့ကို အလှူတစ်ပွဲငှားရင် သိန်းဆယ်ချီတယ်လေ၊ ဒီမှာက ငါးထောင်တည်းနဲ့ ဘုရားတစ်ဝင်းကြီးပတ်စီးရတာ တန်တယ်လေ၊ ကျောက်ဆည်ကို ရောက်ရင် ကျောက်ဆည်မှာ မြန်မာတစ်နိုင်ငံလုံးက ဘုရားဖူးဧည့်သည်တွေလာတယ်၊ ဒီမှာ ဆုတောင်းပြည့်တယ်၊ အဓိဌာန်အောင်တယ်၊ မင်္ဂလာဆင်တော်ကြီးတွေကို မင်္ဂလာရှိစွာနဲ့ စီးပြီးတော့ မင်္ဂလာရှိစွာနဲ့ ဘုရားဖူးလို့ရပါတယ်"လို့ ပြောပါသည်။



news-view-count-icon

17