back

ရာနှုန်းပြည့်နိုင်ပွဲဖြင့် အမှတ်ပေးဇယားထိပ်တွင် ဆက်လက်ရပ်တည်နေသည့် ရန်ကုန်ယူနိုက်တက် (ယူ-၂၁) အသင်း

May 19 • 2:57 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရာနှုန်းပြည့်နိုင်ပွဲဖြင့် အမှတ်ပေးဇယားထိပ်တွင် ဆက်လက်ရပ်တည်နေသည့် ရန်ကုန်ယူနိုက်တက် (ယူ-၂၁) အသင်း

ရန်ကုန်ယူနိုက်တက်လူငယ်အသင်း၏ MNL (U-21) Youth League ပွဲစဉ် (၄) အဖြစ် ရတနာပုံလူငယ်အသင်းနှင့် တောင်ဒဂုံမြို့နယ်ဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက...

ရန်ကုန်ယူနိုက်တက်လူငယ်အသင်း၏ MNL (U-21) Youth League ပွဲစဉ် (၄) အဖြစ် ရတနာပုံလူငယ်အသင်းနှင့် တောင်ဒဂုံမြို့နယ်ဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းမှ (၂-၁) ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းအတွက်ဦးဆောင်ဂိုးအား ထူးဝဏ္ဏမှ ပွဲချိန် (၆) မိနစ်မှာပဲသွင်းယူပေးခဲ့သည်။ ရတနာပုံအသင်းအတွက် ချေပဂိုးအား ပွဲချိန်(၃၅) မိနစ်တွင်ရန်နိုင်ဖြိုးမှသွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းမှဦးဆောင်ဂိုးရရှိရေးကြိုးပမ်းခဲ့သော်လည်း အဆုံးသတ်လိုအပ်ချက်များရှိခဲ့သည်။ ထို့နောက် ရန်ကုန်ယူနိုက်တက်အသင်းမှ လူစားလဲမှုများပြုလုပ်ခဲ့ပြီး ပွဲချိန် (၆၅) မိနစ်တွင် လူစားဝင်ကစားသမား မင်းသန့်ဘိုမှဧရိယာအဆက်မှ လှလှပပကန်သွင်းယူပြီး ရန်ကုန်ယူနိုက်တက်အသင်းအတွက်အနိုင်ဂိုးရရှိစေခဲ့သည်။ 


news-view-count-icon

8